မြူနှင်းတွေကင်းစင်ဖို.
နေတစ်စင်းထွက်ပေါ်လာသလို
နင်ဟာ ငါ့အတွက်
ကြယ်အလင်းတွေ လွှမ်းခြုံမယ့် လ၀န်းလေးပေါ့ .............
ဒါမှမဟုတ်
ငါ အတောင်ပံတစ်စုံရဲ. ပဲ့ကိုင်ရှင်နတ်သမီးလေးပဲဖြစ်လိမ့်မယ် ............
တကယ်တော့ ငါဟာ
နင့်မျက်နှာလေးကို
ငေးစိုက်ကြည့်ရင်း
နှလုံးသားရဲ.အလယ်ဗဟိုမှာ နှင်းတွေဝေခဲ့ရတာ အကြိမ်ကြိမ်ပါ................
ရင်ခုန်သံတွေနဲ.ထုဆစ်ထားတဲ့
ငါ့မြတ်နိုးခြင်းပန်းဥယျာဉ်မှာ
နင်ဟာဘုရင်မ တစ်ပါးအဖြစ်နန်းသိမ်းခဲ့ပြီပေါ့
နင့်နှုတ်ဖျားကနေ ထွက်ကျလာမယ့်
ချစ်တယ်ဆိုတဲ့ စကားလုံးဂီတသံလေးကိုတော့
သံသရာ အဆက်ဆက်မှာ ငါအထပ်ထပ်နားဆင်ခွင့်ရချင်တယ်
ဘယ်လိုပဲဖြစ်ပါစေလေ ...............
မေတ္တာတွေ တသွင်သွင်စီးဆင်းနေတဲ့
ငါ့အကြင်နာမြစ်ကို လက်ပစ်ကူးရဲလောက်အောင်အထိ
နင်မမိုက်မဲ နိုင်တာကတော့သေချာတယ်.............
No comments:
Post a Comment