ကျွန်တော့် ပိုစ်လေးကို ရောက်လာသူ အပေါင်း ချမ်းသာ ကိုယ်စိတ်မြဲပါစေ...

Wednesday, September 16, 2015

ကတိက၀တ်

ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်
ငြင်းခုန်နေပါစေ၊ စိတ်ကောက်နေပါစေ... ဝေးကွာနေပါစေ...
အမြဲအတူရှိနေမယ်။

ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်
ငါတို့အလုပ်များနေပါစေ၊ ငါတို့ မောပန်းနေပါစေ
တစ်ယောက်ကိုတစ်ယောက်တွေ့တာနဲ့
နွေးနွေးထွေးထွေး ပြုံးရယ်ပြပြီး

ရှေ့ဆက်လျှောက်လှမ်းသွားမယ်။

ဘယ်တော့မှာလမ်းမခွဲတဲ့ အချစ်တစ်ခု ငါရချင်တယ်
တယိုင်တယိမ်းလှမ်းလျှောက်နိုင်
ချိန်အထိ၊ ဆည်းဆာနေဝင်ချိန်အထိ၊
ဆံဖြူသွားကျိုးတဲ့အထိ....

ပြီးတော့ နင့်ရဲ့ပါးပြင်ကို
အသာအယာပွတ်သပ်ပေးပြီး တိုးတိုးလေးပြောမယ်..
♥ "နင်နဲ့အတူ ထာဝရ ငါနေသွားမယ်"


No comments:

Post a Comment