ကျွန်တော့် ပိုစ်လေးကို ရောက်လာသူ အပေါင်း ချမ်းသာ ကိုယ်စိတ်မြဲပါစေ...

Monday, December 7, 2015

မ​ကွေး

လေတ​သွေး​သွေး
နေ​ဖွေး​ဖွေးမှာ
မ​ကွေးကိုတဲ့​ရောက်​ခဲ့တယ်​။

ပထဝီဝင်​အရ
မြန်​မာပြည်​အလယ်​ပိုင်းရဲ့
အထင်​ကရတိုင်းမြို့​တော်​ကြီး။

ရာဇဝင်​​ရေးအရ
မြင်းခွာတစ်​ချက်​​ပေါက်​ရင်
မီးဟုန်းဟုန်း​တောက်​ခဲ့တဲ့မြို့ကြီး။

ခေတ်​​ပေါ်ဗုဒ္ဓဝင်​ပန်းချီကား​တွေ
နှလုံးသားအပြည့်​ချိတ်​ဆွဲပြီး
မြသလွန်​​စေတီ​တော်​ကို
ဦးထိပ်​ရွက်​ထားတဲ့မြို့ကြီး။

အို..မ​ကွေး
ပညတ်​သွားရာဓာတ်​သက်​လိုက်​ပါ​စေ
မ​ကွေး မ​ကောက်​ မရွဲ့  မ​စောင်း
လမ်း​ကြောင်းမှန်​​ပေါ်​မောင်းနှင်​နိုင်​ပါ​စေ။


        ကိုမင်းညွှန့်​လှိုင်​မ​ကွေးရဲ့က​ဗျာ​လေးအား​ဖော်​ပြခြင်းဖြစ်​ပါတယ်​။


No comments:

Post a Comment