ကျွန်တော့် ပိုစ်လေးကို ရောက်လာသူ အပေါင်း ချမ်းသာ ကိုယ်စိတ်မြဲပါစေ...

Sunday, April 6, 2014

ဘယ်လိုလူတွေနဲ့ တွေ့မလဲ ----------------------------



-

တခါက မြို့လေးနှစ်မြို့ကပ်လျက်ရှိ ပြီး၊ အဲဒီ အရှေ့ မြို့နဲ့ အနောက်မြို့ ရဲ့ကြားမှာ ပညာရှိကြီး တစ်ယောက်နေတယ်။


သူဟာ အမြဲပဲ အရိပ်ကောင်းကောင်း အပင်ကြီးရဲ့ အောက်မှာနားနေရင်း တပည့်တွေကို ပညာသင်ပေးလေ့ရှိတယ်။



တစ်နေ့မှာ အရှေ့ မြို့ကနေ လူတစ်ယောက် ထွက်လာတာကို လှမ်းမြင် လိုက်တော့ပညာရှိကြီးက

" လာပါ နားပါ လက်ဖက်ရည်ကြမ်းလေးလည်း သုံးဆောင်ပါ "လို့

ခရီးဦးကြို ပြုရင်း ခရီးသည်ကို ဧည့်ဝတ်ပြုတယ်။





စိတ်မောလူမော ဖြစ်လာပုံ ရတဲ့ခရီးသည်ကဝင်ထိုင်ရင်းနဲ့ခနနားနေပါတယ်။


" အရှေ့ မြို့ ကနေဘယ်ကို ခရီးဆက်ဦးမလဲ အဆင်ရောပြေခဲ့ရဲ့လား " လို့မေးတဲ့အခါမှာ၊ခရီးသည် က

" မပြေပါဘူးဗျာဒီမြိုကလူတွေက တော်တော်လေး စိတ်ထား ပုတ်ကြတယ်။ သူတို့ကြောင့်ဒေါသ ဖြစ်လာရတာ။

သူများအပေါ် လူလည်ကျချင်ကြတယ်။ ကျုပ်မို့ လို့ပေါ့ ။ ဒါမျိုးကတော့မရဘူး။ ဆက်တိုက်ရန်ဖြစ်ခဲ့တယ်။လုံးဝမခံခဲ့ဘူး "လို့ပြန် ဖြေရင်း


" ဆက်သွားရဦးမယ်ဗျာ ဒါနဲ့အနောက်မြို့ ကလူတွေရော ဘယ်လို စိတ်ထားရှိကြသလဲဗျ " လို့ မေးတဲ့အခါပညာရှိကြီးက


" သူတို့လည်းအရှေ့ မြို့ ကလူတွေလိုပဲ မကောင်းကြဘူး ဆိုတာ၊ ခင်ဗျားထပ်ကြုံရဦးမှာပါ "လို့ ဖြေလိုက်ပါတယ်။


ခန အကြာမှာ အနောက်မြို့ ဘက်က ခရီးသွား တစ်ဦးဖြတ်သန်းလာပြန်တယ်။ ပညာရှိကြီးက အရင်လိုပဲ ခရီးဦးကြိုပြုရင်းနဲ့

မေးနေကျအတိုင်းမေးပါတယ်။


ဒုတိယ ခရီးသည်ကအနောက် မြို့ ကလာပြီး အရှေ့ မြို့ကို သွားမယ့်အကြောင်း အစစအရာရာ အဆင်ပြေလာခဲ့ကြောင်း

အဲဒီ မြို့ ကလူတွေကအေးချမ်းရိုးသားကြောင်း ပြောရင်းသူခရီးဆက်မြို့ အကြောင်းကိုမေးပါတယ်။


ပညာရှိကြီး က ပြုံးရင်းနဲ့၊ သူသွားမဲ့ အရှေ့ မြို့ မှာလည်း သူအနောက် မြို့ မှာကြုံခဲ့ ရတဲ့ သူတွေလိုရိုးသားအေးချမ်းသူတွေနဲ့သာထပ်ကြုံဦးမှာဖြစ်ကြောင်း

သတင်းပါးပါတယ်။


ခရီးသွားနှစ်ယောက်လုံး ထွက်သွားတဲ့အခါ တပည့်တွေက နားမလည်ကြဘူးပေါ့ ။ဘာလို့ အဲဒီလိုပြောရတာလဲဆိုတာကိုမေးကြတယ်။


ပညာရှိကြီးက ၊ပထမခရီးသွားဟာ ဘဝကို ဒေါသသံသယ မာန်မာန တွေကိုလက်ကိုင်ထားပြီးဖြတ်သန်းတဲ့အတွက် နောက်တစ်မြို့ ပါမကသူ့ဘဝ မှာ သူနဲ့ အဆင်မပြေသူရန်သူ တွေကို ဆက်ဆက်ပြီးကြုံဆုံနေ ရဦးမှာ ပါ။


ဒုတိယခရီးသွားကတော့ အေးချမ်းဖော်ရွေပြီးမေတ္တာတရားနဲ့ဘဝကို

အကောင်းမြင်ဖြတ်သန်းသူ နေသူ ဖြစ်တယ်။

ဒါကြောင့် သူဟာ ပထမခရီးသွားထွက်လာတဲ့ အရှေ့ မြို့ ကိုသွားရင်လည်းဆိုးသောလူတွေနဲ့ တွေ့ ရမှာမဟုတ်ဘဲ

အဆင်ပြေနိုင်မှာဖြစ်ပြီးပထမခရီးသွားကတော့ ဒုတိယလူအဆင်ပြေလာခဲ့တဲ့မြို့ကိုသွားလည်း အဆိုးတွေကို ကြုံဆုံဦးမှာ

ပဲဖြစ်ပါတယ် ' လို့ ရှင်းပြပါတယ်။


လူတိုင်းရဲ့ အတွင်းစိတ်မှာအကောင်းရော အဆိုးပါ နှစ်မျိုးစလုံးရှိတယ်။

အကောင်းကိုထုတ်ယူရင် အကောင်းထွက်လာမယ်။

အဆိုးကိုထုတ်ယူရင် အဆိုးပဲထွက်လာမှာပါ ။


အနာဂတ်မှာ ကျွန်တော်တို့ ဘယ်လိုလူတွေနဲ့ တွေ့မယ်ဆိုတာ

ကျွန်တော်တို့ ရဲ့ အတွင်းစိတ်က လူတွေအပေါ် မှာထားတဲ့ စိတ်ရင်းစေတနာ ပေါ်မှာ မူတည်တာပါ။


creditး ( မျိုးအိမ်ဇန် Archangel AK ) face book မှ

ကျေးဇူးတင်စွာ ကူးယူဝေမျှပါတယ်။

No comments:

Post a Comment