ကျွန်တော့် ပိုစ်လေးကို ရောက်လာသူ အပေါင်း ချမ်းသာ ကိုယ်စိတ်မြဲပါစေ...

Sunday, April 6, 2014

ရိုးသားပြီးဆင်းရဲတဲ့ သစ်ခုတ်သမား






ရိုးသားပြီးဆင်းရဲတဲ့ သစ်ခုတ်သမားတစ်ယောက်ဟာ




မြစ်တစ်စင်းအနီးရှိ သစ်ပင်တစ်ပင်ပေါ်က သစ်ကိုင်းတွေကို တက်ခုတ်နေတုန်း




သူရဲ့ ပုဆိန်ဟာ အနီးရှိမြစ်ထဲကိုပြုတ်ကျသွားတော့ သစ်ခုတ်သမားလဲငိုနေရှာတယ်။





ဒီအချိန်မှာ မြစ်အတွင်းမှ မြစ်စောင့်နတ်က သစ်ခုတ်သမားရှေ့ ရောက်လာပြီး




"အသင်သစ်ခုတ်သမား ဘာအကြောင်းကြောင့်ငိုနေရတာလဲ"







ဆိုတော့ သစ်ခုတ်သမားလည်း အကြောင်းကုန်စင်ပြောလိုက်တော့

မြစ်စောင့်နတ်သားလဲ မြစ်ထဲပြန်ဝင်သွားပြီး ခဏကြာတော့ပြန်ပေါ်လာကာ

ရွှေပုဆိန်ကိုကိုင်၍ သစ်ခုတ်သမားကိုပြပြီး

"အသင်လူသား ဒါသင့်ပုဆိန်ဟုတ်ရဲ့လား" ဆိုတော့

သစ်ခုတ်သမားကလည်း သူ့ ပုဆိန်မဟုတ်ကြောင်းပြောလိုက်ပါတယ်။

ဒါနဲ့ နတ်သားကလည်း ငွေပုဆိန်ကိုပြပြန်တော့ ရိုးသားတဲ့သစ်ခုတ်သမားက

ငွေပုဆိန်သည် သူ့ ပုဆိန်မဟုတ်ကြောင်းပြောတော့ နတ်သားကလည်း

တစ်ဖန် သံပုဆိန်ကိုကိုင်ပြီး ပြပြန်တော့မှ သစ်ခုတ်သမားကပျော်သွားပြီး

၎င်းသံပုဆိန်သာလျှင် သူ၏ပုဆိန်အစစ်ဖြစ်ကြောင်းပြောတော့

နတ်သားကလည်း သစ်ခုတ်သမား၏ရိုးသားခြင်းကိုသဘောကျပြီး

သံပုဆိန်နဲ့ အတူရွှေပုဆိန်၊ငွေပုဆိန်ကိုပါ သစ်ခုတ်သမားအားပေးလိုက်ပါတယ်။













ဒါနဲ့ သစ်ခုတ်သမားလည်း ပုဆိန်သုံးလက်ကိုထမ်းကာ အိမ်ကိုပြန်လာတော့




မြစ်ဘေးနားမှရေချိုးနေတဲ့ သူရဲ့မိန်းမရေနစ်နေတာတွေ့ တော့




သူလည်းရေမကူးတတ်လို့  ဆင်းမဆယ်ရဲတာနဲ့  မြစ်ဆိပ်နားမှာငိုနေရှာပါတယ်။




ဒါနဲ့ စောနက မြစ်စောင့်နတ်ကထပ်ပြီးပေါ်လာကာ သစ်ခုတ်သမားအား




"အဘယ်ကြောင့်ငိုနေရတာလဲ" ဟုမေးတော့ သစ်ခုတ်သမားလဲ




ထပ်ပြီးအကြောင်းစုံရှင်းပြလိုက်ပါတယ်။




ဒီတော့ နတ်သားလည်းမြစ်ထဲကိုဆင်းသွားကာ ခဏကြာတော့




Shakira ကိုပြပြီး သစ်ခုတ်သမားအား




"သူက အသင်လူသားရဲ့မိန်းမလား" လို့ မေးတော့ သစ်ခုတ်သမားလဲ အငိုတိတ်ပြီး




ဟုတ်ပါတယ်လို့ ပြောလိုက်တော့ နတ်သားက




"အသင်လူသား သင်ဒီတစ်ခေါက်တော့ ကျူပ်ကိုလိမ်ပြောပြီ" လို့ ပြောလိုက်တယ်။




ဒီတော့သစ်ခုတ်သမားက




"ကျွန်တော်မျိုး လိမ်ပြောချင်လို့ ပြောတာမဟုတ်ပါဘူးအရှင်နတ်သား......




ကျွန်တော်သာ အမှန်အတိုင်းပြောခဲ့ရင် စောနကပုဆိန်လိုပဲ အရှင်နတ်သား




မိန်းမချောချောနောက်တစ်ယောက်ကို ပြပြီး ကျွန်တော်မျိုးကိုမေးမယ်။




ကျွန်တော်မျိုးကမဟုတ်ကြောင်းပြောမယ်။




ဒီတော့မှ ကျွန်တော်မျိုးရဲ့မိန်းမကို ဆယ်လာပေးမယ်။




ဒီအခါကျွန်တော်မျိုးက မှန်ကန်ကြောင်းပြောလိုက်ရင် မိန်းမသုံးယောက်စလုံးကို




ကျွန်တော်မျိုးအား အရှင်နတ်သားကပေးသနားပါလိမ့်မည်။




ကျွန်တော်မျိုး မိန်းမသုံးယောက်စလုံးကို တစ်ပြိုင်နက်မရှာကျွေးနိုင်ပါအရှင်နတ်သား။




ကျွန်တော်မျိုးမှာ အမှန်တစ်ကယ်ကိုဆင်းရဲလှပါတယ်ခင်ဗျာ........"




ဟူ၍ ပြန်လည်ဖြေကြားခဲ့ပါတယ်။







ZK

No comments:

Post a Comment