အချစ်ရေ..
မင်းမသိတဲ့အိပ်မက်အပြာလေး
သန်းခေါင်က ငါ့အတွက်ပိုနက်တယ်။
ခဏဖြစ်ဖြစ်
ငါ့အိပ်မက်တွေကို ဖြန့်ကြည့်စမ်းပါ
ငါ့ကမ္ဘာမှာ နင့်ကိုယ်ငွေ့လေးတွေ့ရမယ်
ငါ့ကဗျာမှာ ငါ့သစ္စာတရားကို မြင်ရမယ်။
လပြည့်လကွယ်
ငါဟာ အလင်းဆွံ့အ,ပိုးစုန်းကြူးပါပဲ
ငါဟာ လမ်းမရှိတဲ့ ကဗျာသမားပါပဲ။ အချစ်ရေ..
လေတိုက်လို့အငြိမ်
လှုပ်တုတ်လှုပ်တုတ် ကျန်နေခဲ့တဲ့သစ်ရွှက်လို
မင်းကိုမတွေ့ရတော့ငါ
နွေက န္တာကို တွေ့ရသလိုပေါ့..။
အိပ်မက်တွေ တစ်ခါသေဆုံးတိုင်း
ငါ
အရိပ်မရှိတဲ့ နွေမှာ
သစ်ရွက်ကြွေကို လွမ်းရမှာလား
ကာလသုံးပါးမှာ
ကံသုံးပါးနဲ့ မင်းကိုချစ်ခဲ့တယ်။ အချစ်ရေ
မင်းဟာငါ့အတွက် ပန်းတပွင့်သာဖြစ်တယ်...
မင်းဟာငါ့အတွက် စွတ်ဖျန်းမိုးဖွဲလေးသာဖြစ်တယ်..
မင်းဟာ ငါ့အတွက် ပြတင်းတံခါးလေးတချပ်သာဖြစ်တယ်..
လရောင်လို
ဖမ်းဆုပ်လို့မရနိုင်အတွေးများ
ငါ့အတွက် အသည်းကွဲတစ်ဆင်စာ
ငါ့ဂူတံခါးက မင်းမန္တာန်နဲ့မှ ပွင့်ရမှာပါ..အချစ်ရယ်
ခု
မင်းရင်ထဲက ပိုးတုံးလုံးတွေ လိပ်ပြာဖြစ်လာမယ့်နေ့
ငါပစ်ဖဲစောင့်နေတယ်
ငါ့ရင်ပိတ်ကားပေါ်
မင်းအကြောင်းလေး ရုံတင်လို့ထားတယ်။
ကျေးဇူးပြု၍
ကမ္ဘာဖျတ်မိုးမညိုးလိုက်ပါနဲ့...။
No comments:
Post a Comment